Saturday, November 24, 2007

ယာဉ်မောင်းလိုင်စင်ထုတ်ပေးရန် စစ်ဆေးခြင်း

ယာဉ်မောင်းလိုင်းစင်ထုတ်ပေးရန်အတွက်-
  • အမောင်းသင်လိုင်စင် “သ”လိုင်စင်အတွက် စစ်ဆေးခံရန်မလိုဘဲ အသက် (၁၇)နှစ်ပြည့်ပါက ရယူခွင့်ရှိပါတယ်။
  • ကျန်လိုင်စင်အားလုံးအတွက် အရောင်ကန်းစစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ရေးဖြေ စစ်ဆေးခြင်း နှင့် ယာဉ်မောင်း လက်တွေ့မောင်နှင်ခြင်းကို သတ်မှတ်ချက်အတိုင်း စစ်ဆေးအောင်မြင်မှ ထုတ်ပေးပါတယ်။

ယာဉ်မောင်းလိုင်စင်လုပ်ငန်းများ

ယာဉ်မောင်းလိုင်စင်လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
  • လိုင်စင်အမျိုးအစားအလိုက် စစ်ဆေး၍ အသစ်ထုတ်ပေးခြင်း၊
  • နှစ်စဉ်သက်တမ်းတိုး ဆောင်ရွက်ပေးခြင်း၊
  • ပျောက်ဆုံး၊ ပျက်စီး၊ မိတ္တူထုတ်ပေးခြင်း၊
  • နိုင်ငံတကာယာဉ်မောင်းနှင်ခွင့်လက်မှတ်များထုတ်ပေးခြင်း၊
  • မော်တော်ယာဉ်မောင်းသင်တန်းကျောင်းများအား ကြီးကြပ်ခြင်း။

ယာဉ်မောင်းလိုင်စင်သက်တမ်း။ ယာဉ်မောင်းသင်လိုင်စင်နှင့် နိုင်ငံတကာယာဉ်မောင်းခွင့်လက်မှတ်တို့၏ သက်တမ်းမှာ (၁)နှစ် သတ်မှတ်ထားပြီး ကျန်လိုင်စင်များ၏သက်တမ်းမှာ (၂) နှစ် ဖြစ်ပါတယ်။

ယာဉ်မောင်းလိုင်စင်အမျိုးအစားများ

၁၉၈၈ ခုနှစ်မတိုင်မီတွင် ကိုယ်ပိုင်လိုင်စင်၊ အငှားလိုင်စင်၊ စပယ်ယာလိုင်စင်နှင့် အမောင်းသင်လိုင်စင်များသာ ထုတ်ပေးခဲ့သော်လည်း ၁၉၉၂ ခုနှစ်နောက်ပိုင်းတွင် နည်းဥပဒေနှင့်အညီ လိုင်စင်အမျိုးအစားများကို အောက်ပါ အတိုင်းခွဲခြား ထုတ်ပေးလျက်ရှိပါသည်-
  • “သ”လိုင်စင်။ ယာဉ်အမောင်းသင်ရန်။
  • “က”လိုင်စင်။ မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်ရန်။
  • “ခ” လိုင်စင်။ ၃ တန်အထိတင်ဆောင်နိုင်သော ကိုယ်ပိုင်မော်တော်ယာဉ်နှင့် ကိုယ်ပိုင်ဘတ်(စ်)ကားများ မောင်းနှင်ရန်။
  • “ဂ” လိုင်စင်။ ထရက်တာ၊ ထရော်လာဂျီနှင့် အခြားစက်တပ်ယာဉ်များမောင်းနှင်ရန်။
  • “ဃ”လိုင်စင်။ အငှားကုန်တင်ယာဉ်နှင့် အငှားဘတ်(စ်)ကားယာဉ်များမှလွဲ၍ ကျန်မှတ်ပုံတင်ယာဉ်များ (တက္ကစီယာဉ်အပါအ၀င်)
  • “င” လိုင်စင်။ လက်မှတ်ရောင်း(သို့)ယာဉ်နောက်လိုက်အတွက် ထုတ်ပေးသော လိုင်စင်ဖြစ်သည်။
  • “အပြည်ပြည်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်လက်မှတ် (International Driving Permit)” မြန်မာနိုင်ငံမှအပ ပြည်ပ နိုင်ငံများတွင် နိုင်ငံတကာကွန်ဗင်းရှင်းအရ ခွင့်ပြုသောယာဉ်များ။

ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခြင်း

အောက်ဖော်ပြပါအချက်များကို မူတည်၍ မော်တော်ယာဉ်မှတ်ပုံတင်ခြင်းကို ဖျက်သိမ်းပါတယ်-
  • မော်တော်ယာဉ်သည် ထာဝရသုံးမရအောင် ဖြစ်နေခြင်း၊
  • မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်း တစ်ဆက်တည်း (၅)နှစ်ပျက်ကွက်ခြင်း၊
  • မော်တော်ယာဉ်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြင်ပသို့ ထာဝစဉ်ထုတ်ယူသွားခြင်း၊
  • ခွင့်ပြုချက်မရှိဘဲ ယာဉ်၏အဓိကအစိတ်အပိုင်းကြီးများ ပြောင်းလဲထားခြင်း
  • ရထားပို့ဆောင်ရေးဝန်ကြီးဌာန၏ အခါအားလျော်စွာ သတ်မှတ်သည့် ယာဉ်မှတ်ပုံတင်သက်တမ်း ကျော်လွန်ခြင်း၊

Friday, November 23, 2007

ယာဉ်စစ်ဆေးခြင်း

မော်တော်ယာဉ်မှတ်ပုံတင်ခြင်းလုပ်ငန်းအတွက် မော်တော်ယာဉ်များကို ယာဉ်စစ်အင်ဂျင်နီယာများဖြင့် အောက်ဖော်ပြပါအချက်များကို စစ်ဆေးပါတယ်-
(က) ယာဉ်၏အချက်အလက်များ
  • (၁) အမျိုးအမည်နှင့် ခုနှစ်ပုံစံ။
  • (၂) အင်ဂျင်နှင့် ဘောင်အမှတ်များ။
  • (၃) အမျိုးအစား။
(ခ) မီးနှင့်အချက်ပြစနစ်
(ဂ) ဘရိတ်စနစ်
(ဃ) စတီယာရင်စနစ်
(င) မီးခိုးထုတ်စနစ်
(စ) တာယာနှင့်ဘီးများ
(ဆ) အထွေထွေအချက်အလက်များ
(ဇ) အင်ဂျင်နှင့်အားပြောင်းပိုင်းစနစ်
(ဈ) အတိုင်းအတာနှင့်အလေးချိန်

ယာဉ်စစ်ဆေးရာတွင် အာဆီယံစံနှုန်းများနှင့်အညီစစ်ဆေး၍ ယာဉ်စစ်ဆေးချက်သက်သေခံလက်မှတ် (Vehicle Inspection Certificate) ကို ထုတ်ပေးလျက်ရှိပါတယ်။

ယာဉ်အမှတ် သတ်မှတ်ခြင်း

ရှေ့ဆောင်အက္ခရာကို မြန်မာအက္ခရာဖြင့်လည်းကောင်း၊ နောက်နံပါတ်များကို မြန်မာဂဏန်းဖြင့်လည်းကောင်း၊ ယာဉ်အားလုံးအတွက် ဂဏန်းလေးလုံးကို အသုံးပြုပါတယ်။ ဆိုင်ကယ်အတွက် ဂဏန်းငါးလုံးအသုံးပြုပါတယ်။ ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ်၊ သံတမန်နှင့် အဖွဲ့အစည်းယာဉ်၊ ခရီးသွားလုပ်ငန်းယာဉ်နှင့် သာသနာပိုင်ယာဉ် စသည်ဖြင့် ခွဲခြားသတ်မှတ်ထားပါတယ်။

ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်မှုများ(အပိုင်း-၂)

မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းကို အောက်ပါအတိုင်းသတ်မှတ်ထားပါတယ်-
  • မော်တော်ယာဉ်အားလုံး----------------------------၁ နှစ်
  • မော်တော်ဆိုင်ကယ်အားလုံး------------------------၂ နှစ်

မော်တော်ယာဉ်အမျိုးအစားကို အောက်ပါအတိုင်း (၈)မျိုးသတ်မှတ်ထားပါတယ်-
  • လူစီးယာဉ်---- ဆလွန်း၊ စတေရှင်ဝက်ဂွန်၊ ခရီးသည် ၁၅ ဦးအထိ မိုက္ကရိုဘတ်(စ်)၊ လိုက်ဗင်(န်)၊ ဂျစ်၊ ပစ်ကပ်ယာဉ်များ။
  • ကုန်တင်ယာဉ်(၀န်ပေါ့)---- လိုက်ထရပ်နှင့်တင်အား ၃ တန်နှင့် ၃ တန်အောက် ဗင်(န်)၊ ထရပ်ယာဉ်များ။
  • ကုန်တင်ယာဉ်(၀န်လေး)----- တင်အား ၃ တန်အထက် ထရပ်ယာဉ်များ။
  • ခရီးသည်တင်ယာဉ်------- ခရီးသည် ၁၅ ဦးအထက် မိုက္ကရိုဘတ်(စ်)။ မီနီဘတ်(စ်) နှင့် ဘတ်(စ်)ယာဉ်များ။
  • အခြားယာဉ်------- လူနာတင်ယာဉ်၊ မီးသတ်ယာဉ်၊ ဆယ်တင်ရေးယာဉ်၊ နိဗ္ဗာန်ယာဉ်၊ ဆီတင်ယာဉ်၊ ရေတင်ယာဉ်၊ ပိုက်လုံးတင်ယာဉ်၊ အ၀ီစိတွင်းတူးယာဉ်၊ မြေသယ်ယာဉ်၊ ကွန်ကရစ်ဖျော်စက်ယာဉ်၊ သစ်လုံးတင်ယာဉ်၊ ကုန်သေတ္တာယာဉ်။
  • နှစ်ဘီးတပ်ယာဉ်------- စက်တပ်စက်ဘီး၊ မိုပက်ဆိုင်ကယ်၊ စကူတာဆိုင်ကယ်၊ ရိုးရိုးနှစ်ဘီးတပ်ဆိုင်ကယ်။
  • သုံးဘီးတပ်ယာဉ်----- သုံးဘီးတပ်မော်တော်ဆိုင်ကယ်၊ ဘေးတွဲပါ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ။
  • ထရော်လာဂျီ------- လယ်ထွန်စက်၊ လယ်ယာသုံးထရပ်နှင့် နောက်တွဲတပ်လက်တွန်းလယ်ထွန်စက်။

Thursday, November 22, 2007

ယာဉ်မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်မှုများ(အပိုင်း-၁)

ဦးစီးဌာန၏ ယာဉ်မှတ်ပုံတင်လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
  • (က) ကနဦးမှတ်ပုံတင်ခြင်း၊
  • (ခ) နှစ်လဲမှတ်ပုံတင်ခြင်း၊
  • (ဂ) အမည်၊ နေရပ်ပြောင်းခြင်း၊
  • (ဃ) ပိုင်မှငှား၊ ငှားမှပိုင်ပြောင်းခြင်း၊
  • (င) နယ်ဝင်၊ နယ်ထွက်ဆောင်ရွက်ခြင်း၊
  • (စ) ယာဉ်မှတ်ပုံတင်စာအုပ်၊ သက်သေခံလက်မှတ်မိတ္တူ ထုတ်ပေးခြင်း၊
  • (ဆ) ယာဉ်အစိတ်အပိုင်းများပြောင်းခြင်း၊
  • (ဇ) ဆေးရောင်ပြောင်းခြင်း၊
  • (ဈ) ကိုယ်ထည်ပြောင်းခြင်း၊
  • (ည) ပြည်လည်မှတ်ပုံတင်ခြင်း၊
မှတ်ပုံတင်ရန်မလိုသည့်ယာဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
  • (က) တပ်မတော်ပိုင်ယာဉ်၊
  • (ခ) စက်ယန္တရားကြီးများ၊
  • (ဂ) လယ်ယာသုံးသီးသန့်ယာဉ်များ၊
  • (ဃ) အများပြည်သူဆိုင်ရာနေရာတွင်အသုံးမပြုသည့် သီးသန့်ယာဉ်များ။
မှတ်ပုံတင်ခြင်းအတွက်အခွန်ပေးရန်မလိုသောယာဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
  • (က)နိုင်ငံတွင်းရှိ နိုင်ငံခြားသံရုံးပိုင်ယာဉ်များ၊
  • (ခ) မီးသတ်ယာဉ်နှင့် မီးသတ်စက်များ၊
  • (ဂ) လူနာတင်မော်တော်ယာဉ်များ၊
  • (ဃ) ပြည်သူ့ရဲတပ်ဖွဲ့ပိုင်ယာဉ်များ
  • (င) ၀န်ကြီးဌာနမှ လွတ်ငြိမ်းခွင့်ပြုမိန့်ရသော မော်တော်ယာဉ်များ။

ဦးစီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များ

ဤဦးစီးဌာန၏ အဓိကရည်မှန်းချက်တာဝန်မှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး (Road Safety) ဖြစ်ပြီး လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-
  • (က) အများပြည်သူဆိုင်ရာလမ်းများပေါ်တွင် အသုံးပြုနေသော မော်တော်ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးခြင်း၊
  • (ခ) မော်တော်ယာဉ်မောင်းလိုင်စင်များကို စစ်ဆေးပေးလျက် ဥပဒေနှင့်အညီ ထုတ်ပေးခြင်း၊
  • (ဂ) လမ်းအသုံးပြုသူများလိုက်နာရမည့် စည်းကမ်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်း၍ ထုတ်ပြန်ခြင်း၊
  • (ဃ) နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်ငွေများကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ကောက်ခံခြင်း။

Thursday, October 25, 2007

နောက်ခံသမိုင်း

၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများဥပဒေ ပြဌာန်းချက်အရ ကုန်းလမ်း နှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှစ၍ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ ပါတယ်။ ၁၉၇၂ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလတွင် ၀န်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းတဲ့အခါ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနအဖြစ် ပါဝင်ခဲ့ပါတယ်။