၁၉၆၃ ခုနှစ်၊ ကုန်းလမ်းနှင့်ပြည်တွင်းရေကြောင်းပို့ဆောင်ရေးလုပ်ငန်းများဥပဒေ ပြဌာန်းချက်အရ ကုန်းလမ်း နှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး မော်တော်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်လုပ်ငန်းများကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့မှစ၍ ရဲတပ်ဖွဲ့မှ လွှဲပြောင်းရယူခဲ့ ပါတယ်။ ၁၉၇၂ ခုနှစ်တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်၊ ဇန်န၀ါရီလတွင် ၀န်ကြီးဌာနများ ပြန်လည်ဖွဲ့စည်းတဲ့အခါ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနအဖြစ် ပါဝင်ခဲ့ပါတယ်။
Thursday, October 25, 2007
Subscribe to:
Posts (Atom)